မိတ်ဆွေပိရိသတ်များအားလုံး မင်္ဂလာနှစ်သစ်ပါ။ နှစ်သစ်ကို ရောက်တိုင်း မိမိဘ၀ လေ့လာသင်ယူမှုဆန်းစစ်ချက်တွေနဲ့နဲ့လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ လုပ်ဆောင်ချက်တွေမြှင့်တင်ကြတယ်၊ပန်းတိုင်အသစ်တွေ၊ရည်ရွယ်ချက်အသစ်တွေ ထပ်ဖန်တီးလေ့ရှိကြပါတယ်။
ဒီလိုနဲ့အောင်မြင်ခဲ့တာရှိမယ်၊မအောင်မြင်တာလည်းရှိမယ်။ လဲကျပြန်ထနဲ့ပဲ ထပ်ပြီးရှေ့ဆက်သွားကြတယ်။
ထရေးဒင်းမှာ ဘာဖြစ်လို့ ချခဲ့တဲ့ ပန်းတိုင်ရည်ရွယ်ချက်တွေ မအောင်မြင်ဖြစ်တတ်ကြသလဲဆိုရင် ရလဒ်ကို ပန်းတိုင်အဖြစ်ချတတ်လေ့ရှိကြလို့ဖြစ်ပါတယ်တဲ့။ ဥပမာ-ဒီနှစ်တော့ အမြတ် ဘယ်နှစ်ရာခိုင်နှုန်းရရမယ်။တစ်လကို ဒေါ်လာ ဘယ်လောက်ရအောင်လုပ်ရမယ် စသဖြင့်ပေါ့။ ဒီလိုရလဒ်နဲ့ ပန်းတိုင်ချတာဟာ သဘာ၀မကျသေးပါဘူး။
ဘာလို့လဲဆိုရင် ထရေးဒင်းမှာ ဦးနှောက်ရဲ့အလုပ်လုပ်တဲ့ပုံစံဟာ Survival Mode ရှင်သန်ရေးအတွက်ဦးစားပေးတိုက်ခိုက်နေတဲ့ပုံစံ နဲ့အလုပ်လုပ်တဲ့အတွက် စိတ်ခံစားချက်နဲ့သွားရင် ထိန်းမရ၊သိမ်းမနိုင်ဖြစ်ပြီး စစ်တိုက်နေသလိုဖြစ်နေပါလိမ့်မယ်။ ဦးနှောက်အလုပ်လုပ်တဲ့ပုံစံနဲ့ စျေးကွက်ရဲ့သဘောသဘာ၀ နဲ့ကိုက်ညီတဲ့ နည်းစနစ်လမ်းစဥ်၊စည်းကမ်းနဲ့ တစ်သမတ်တည်း သွားရမှာဖြစ်ပါတယ်။ရလဒ်အစား မိမိရဲ့အရည်အသွေးမြှင်တင်ခြင်း သို့မဟုတ် ပရိုထရေဒါ တစ်ယောက်ရဲ့ တန်ဖိုး ရရှိဖို့ တည်ဆောက်ခြင်းကို ပန်းတိုင်ထားရမှာဖြစ်ပါတယ်လို့ဆိုထားပါတယ်။
အောင်မြင်တဲ့ထရေဒါတစ်ယောက်ရဲ့ တန်ဖိုးအရည်အသွေးတွေက ဘာတွေလဲဆိုရင် မိမိသေချာလေ့လာသင်ယူပြီး စမ်းသပ်ထားတဲ့ အလုပ်ဖြစ်တဲ့ ထရေးဒင်းနည်းစနစ်နဲ့ စည်းကမ်းတကျနဲ့ တာ၀န်ရှိရှိ၊သမာဓိခိုင်မြဲစွာ(နည်းစနစ်စည်းကမ်းအပေါ်သစ္စာရှိရှိ) သွားရမှာဖြစ်ပါတယ်။ ဘယ်လိုရလဒ်တွေပဲရခဲ့ရခဲ့ အားလုံးဟာ ကိုယ်ရွေးချယ်ပြီးလုပ်ခဲ့တာဖြစ်တယ်။ ဘယ်သူ့ကိုမှအပြစ်မတင်ဘူး၊ ကိုယ့်ကိုယ်လဲအပြစ်မတင်ဘူး၊ မိမိကိုယ်ကို အသိရှိ တာ၀န်ယူပြီး မိမိရဲ့ Integrity ကို မြှင့်တင်ပြီး ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။
နှစ်သစ်ရဲ့စိန်ခေါ်မှုအသစ်အနေနဲ့ Binary Option အတွက် 10$/30$ နဲ့စတဲ့ Turtle Portfolio ကို တစ်နှစ်စာတည်ဆောက်ကြရအောင်။ ဒီလိုလိပ် Portfolio တည်ဆောက်နည်းကို ဒီဗီဒီယိုမှာပြန်ကြည့်နိုင်ပါတယ်။
https://youtu.be/wBqIuoEUty8
ဒီ Portfolio ကို တခြား Portfolio နဲ့လုံး၀ခွဲထားပြီး မိမိပင်စင်စာအတွက် စုငွေတစ်ခုလို ရည်ရွယ်ပြီး နည်းစနစ်ကျကျ 80-90% မရရအောင် လုံးလုံးလျားလျားသွားမယ်။ ရလဒ်ကို ကြိုမတွေးပါနဲ့။ ရလဒ်ဘယ်လောက်ရသွားသလဲဆိုတာကို 2026 နှစ်ကုန်မှာမှ ပြန်လှည့်ကြည့်ပေါ့နော်။ ဘယ်လောက်ရမလဲဆိုတာတော့ စိတ်၀င်စားစရာပဲနော်။ ကဲစလိုက်ကြရအောင်။
အားလုံး မိမိရဲ့ ထရေဒါအရည်အသွေး အစစ်အမှန်ကို အောင်မြင်စွာ တည်ဆောက် မြှင့်တင်နိုင်ပါစေ။
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


No comments:
Post a Comment