Friday 21 August 2020

ယုံကြည်စိတ်ချရတဲ့Brokerတွေကိုဘယ်လိုသုံးသပ်ရွေးချယ်မလဲ

မြန်မာနိုင်ငံမှာတည်ရှိမနေသော၊မှတ်ပုံတင်မရှိသော နိုင်ငံခြားBrokersများနှင့်ငွေကြေးလှဲလှယ်ရောင်းဝယ်ရာတွင် အကယ်၍ ထိုBrokersများရဲ့လိမ်လည်မှုခံရခြင်း ဒါမှမဟုတ် ထိုBroker ဒေဝါလီခံရ ကျရှုံးသွားလို့ အမြတ်ငွေဆုံးရှုံးရပါက မြန်မာနိုင်ငံဥပဒေနှင့်မသက်ဆိုင်သောကြောင့်အရေးယူတိုင်ကြားလို့မရပါ။ထို Brokers ကိုရွေးချယ်မိသောနိုင်ငံသားရဲ့တာဝန်သာဖြစ်ပါတယ်။ သို့သော်လဲ တစ်ကမ႓ာလုံးကရင်းနှီးမြှုပ်နှံသူတွေဘယ်လိုလုပ်ပြီး ထရိတ်နေကြသလဲ။ဘယ်လိုBrokersကိုကြည့်ပြီးရင်းနှီးမြှုပ်နှံုမှုတွေလုပ်နေကြသလဲ။

အဲဒါကတော့ နိုင်ငံတကာအဆင့်ငွေကြေးဋ္ဌာနများရဲ့မှန်မှန်ကန်ကန် မှတ်ပုံတင်ခြင်းရှိသော Broker များကိုရွေးချယ်ကြပါတယ်။ထိုဋ္ဌာနများက ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် traders များကိုကာကွယ်ဖို့ ပွင့်လင်းမြင်သာမှန်ကန်မှု အတွက်တင်းကြပ်တဲ့စည်းကမ်းတွေနဲ့ထိန်းချုပ်ထားပါတယ်။ဒီလိုယုံကြည်စိတ်ချရတဲ့ကမ႓ာ့အဆင့်ငွေကြေးဋ္ဌာနများရဲ့မှတ်ပုံတင်ကြီးကြပ်မှုရှိတဲ့Brokersများဟာပြဿနာမရှိသလောက်ပါဘဲ။အဲဒီနိုင်ငံတကာငွေရေးကြေးရေးလုပ်ငန်းအကာအကွယ်ပေးတဲ့သက်ဆိုင်ရာဋ္ဌာန အဖွဲ့အစည်းများကတော့

IFC International Financial Comission ကတော့ UK အခြေစိုက် ငွေကြေးရင်းနှီးမြှုပ်နှံုမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုစစ်ဆေးကြီးကြပ်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းဘဲဖြစ်ပါတယ်။

CySec ကတော့ စိုင်ပရပမ်စ်နိုင်ငံက Cyprus Securities and Exchange Comission ဖြစ်ပါတယ်။ CySec မှာမှတ်ပုံတင်ဖို့ ထို Broker ဟာ စီးပွားလည်ပတ်ဖို့ငွေတန်ဖိုး အနည်းဆုံး ယူရိုငွေ ရသိန်းခွဲရှိရပါတယ်။အကယ်၍ ကုမ္ပဏီကျရှံုးသွားပါက အကောင့်တစ်ခုကိုငွေပြန်အမ်းနိုင်ဖို့ ယူရိုငွေ ၂ သောင်း အာမခံမှုရှိရပါတယ်။

FCA ကတော့ UK က Financial Conduct Authority ဖြစ်ပါတယ်။FCA မှာမှတ်ပုံတင်ဖို့ ထို Broker ဟာ စီးပွားလည်ပတ်ဖို့ငွေတန်ဖိုး အနည်းဆုံး ပေါင်ငွေတစ်သန်းရှိရပါတယ်။အကယ်၍ ကုမ္ပဏီကျရှံုးသွားပါက အကောင့်တစ်ခုကိုငွေပြန်အမ်းနိုင်ဖို့ ပေါင်ငွေ ၅ သောင်း အာမခံမှုရှိရပါတယ်။

ASIC ကတော့ သြအတေးလျနိုင်ငံက Australian Securities & Investment Comission ဖြစ်ပါတယ်။   ASIC မှာမှတ်ပုံတင်ဖို့ ထို Broker ဟာ စီးပွားလည်ပတ်ဖို့ငွေတန်ဖိုး အနည်းဆုံး ပေါင်ငွေတစ်သန်းရှိရပါတယ်။

Binary Options ငွေကြေးကုန်သွယ်ခြင်း Brokers များဖြစ်တဲ့
Binomo ကတော့ IFC မှတ်ပုံတင်ထားပါတယ်။
IQ Option ကတော့ CySec မှတ်ပုံတင်ထားပါတယ်။

No comments:

Post a Comment