Friday 21 August 2020

ယုံကြည်စိတ်ချရတဲ့Brokerတွေကိုဘယ်လိုသုံးသပ်ရွေးချယ်မလဲ

မြန်မာနိုင်ငံမှာတည်ရှိမနေသော၊မှတ်ပုံတင်မရှိသော နိုင်ငံခြားBrokersများနှင့်ငွေကြေးလှဲလှယ်ရောင်းဝယ်ရာတွင် အကယ်၍ ထိုBrokersများရဲ့လိမ်လည်မှုခံရခြင်း ဒါမှမဟုတ် ထိုBroker ဒေဝါလီခံရ ကျရှုံးသွားလို့ အမြတ်ငွေဆုံးရှုံးရပါက မြန်မာနိုင်ငံဥပဒေနှင့်မသက်ဆိုင်သောကြောင့်အရေးယူတိုင်ကြားလို့မရပါ။ထို Brokers ကိုရွေးချယ်မိသောနိုင်ငံသားရဲ့တာဝန်သာဖြစ်ပါတယ်။ သို့သော်လဲ တစ်ကမ႓ာလုံးကရင်းနှီးမြှုပ်နှံသူတွေဘယ်လိုလုပ်ပြီး ထရိတ်နေကြသလဲ။ဘယ်လိုBrokersကိုကြည့်ပြီးရင်းနှီးမြှုပ်နှံုမှုတွေလုပ်နေကြသလဲ။

အဲဒါကတော့ နိုင်ငံတကာအဆင့်ငွေကြေးဋ္ဌာနများရဲ့မှန်မှန်ကန်ကန် မှတ်ပုံတင်ခြင်းရှိသော Broker များကိုရွေးချယ်ကြပါတယ်။ထိုဋ္ဌာနများက ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် traders များကိုကာကွယ်ဖို့ ပွင့်လင်းမြင်သာမှန်ကန်မှု အတွက်တင်းကြပ်တဲ့စည်းကမ်းတွေနဲ့ထိန်းချုပ်ထားပါတယ်။ဒီလိုယုံကြည်စိတ်ချရတဲ့ကမ႓ာ့အဆင့်ငွေကြေးဋ္ဌာနများရဲ့မှတ်ပုံတင်ကြီးကြပ်မှုရှိတဲ့Brokersများဟာပြဿနာမရှိသလောက်ပါဘဲ။အဲဒီနိုင်ငံတကာငွေရေးကြေးရေးလုပ်ငန်းအကာအကွယ်ပေးတဲ့သက်ဆိုင်ရာဋ္ဌာန အဖွဲ့အစည်းများကတော့

IFC International Financial Comission ကတော့ UK အခြေစိုက် ငွေကြေးရင်းနှီးမြှုပ်နှံုမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုစစ်ဆေးကြီးကြပ်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းဘဲဖြစ်ပါတယ်။

CySec ကတော့ စိုင်ပရပမ်စ်နိုင်ငံက Cyprus Securities and Exchange Comission ဖြစ်ပါတယ်။ CySec မှာမှတ်ပုံတင်ဖို့ ထို Broker ဟာ စီးပွားလည်ပတ်ဖို့ငွေတန်ဖိုး အနည်းဆုံး ယူရိုငွေ ရသိန်းခွဲရှိရပါတယ်။အကယ်၍ ကုမ္ပဏီကျရှံုးသွားပါက အကောင့်တစ်ခုကိုငွေပြန်အမ်းနိုင်ဖို့ ယူရိုငွေ ၂ သောင်း အာမခံမှုရှိရပါတယ်။

FCA ကတော့ UK က Financial Conduct Authority ဖြစ်ပါတယ်။FCA မှာမှတ်ပုံတင်ဖို့ ထို Broker ဟာ စီးပွားလည်ပတ်ဖို့ငွေတန်ဖိုး အနည်းဆုံး ပေါင်ငွေတစ်သန်းရှိရပါတယ်။အကယ်၍ ကုမ္ပဏီကျရှံုးသွားပါက အကောင့်တစ်ခုကိုငွေပြန်အမ်းနိုင်ဖို့ ပေါင်ငွေ ၅ သောင်း အာမခံမှုရှိရပါတယ်။

ASIC ကတော့ သြအတေးလျနိုင်ငံက Australian Securities & Investment Comission ဖြစ်ပါတယ်။   ASIC မှာမှတ်ပုံတင်ဖို့ ထို Broker ဟာ စီးပွားလည်ပတ်ဖို့ငွေတန်ဖိုး အနည်းဆုံး ပေါင်ငွေတစ်သန်းရှိရပါတယ်။

Binary Options ငွေကြေးကုန်သွယ်ခြင်း Brokers များဖြစ်တဲ့
Binomo ကတော့ IFC မှတ်ပုံတင်ထားပါတယ်။
IQ Option ကတော့ CySec မှတ်ပုံတင်ထားပါတယ်။

Monday 3 August 2020

Online ဘဏ် သို့မဟုတ် ငွေပေးချေမှုစနစ် WebMoney

https://www.wmtransfer.com

Online အလုပ်လုပ်သူများအားလုံးပိုက်ဆံလက်ခံနိုင်ဖို့၊ပိုက်ဆံလွဲခြင်းပို့ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။

ဒီ post ထဲတွင်ဖော်ပြထားသောအကြောင်းအရာ ၃မျိုးရှိပါတယ်။ 
1-Webmoney or wmtransfer(Webmoney  ရဲ့ website နာမည်) 
2-Webmoney app or Webmoney Keeper
3-wmsim or Webmoney exchanger

လင့်ဒ်နှိပ်လိုက်ရင် wmsim website စာမျက်နှာရောက်သွားပါလိမ့်မယ်။ wmsim က Webmoney နဲ့တရားဝင်ချိတ်ထားတဲ့ ငွေသွင်းငွေထုတ်exchangerဖြစ်ပါတယ်။

တစ်ချို့ကလဲ wmtransfer website ကနေ Register လုပ်ဖူးပါလိမ့်မယ်။အတူတူပါဘဲ။‌


webmoney ထဲကို မြန်မာပြည်ကနေငွေသွင်း‌ေငွ‌ထုတ်လုပ်ဖို့ WMSIM ကိုသုံးနိုင်ပါတယ်။WMSIM ထဲကို Webmoney ရဲ့ username နဲ့ password နဲ့ပဲlog in ဝင်ရပါတယ်။

Webmoney အကောင့်စဖွင့်ဖို့အောက်ပါအတိုင်းကြည့်ပါ။
 
ပြီးသွားရင် password ဖန်တီးပြီးရိုက်ထည့်ပါ။ Password မမေ့အောင်သေချာရိုက်ထည့်ပါ။ (သူ့စနစ်အတော်လေးကြပ်ပါတယ်။တစ်ခုခုမှားလို့ Password ထပ်တောင်းရင်အချိျန်ပိုကုန်ပါလိမ့်မယ်။အဆင့်များတဲ့အတွက်ပါ။ Security ကောင်းအောင်လုပ်ထားတာဖြစ်ပါလိမ့်မယ်။) ပြီးသွားရင်သမားရိုးကျအကောင့်Registerလုပ်ရိုးအတိုင်း personal information ကိုယ်ရေးကိုယ်တာအချက်အလက်များ နာမည်နဲ့မွေးနေ့ အီးမေးလ်လိပ်စာ မိမိနေရပ်လိပ်စာများစည် ရိုက်ထည့်ရပါလိမ့်မယ်။အချက်အလက်များဟာ Passport ထဲကအတိုင်းကွက်တိဖြစ်ရပါမယ်။First Name နဲ့ Last Name ပဲဖြည့်ပါ။ Middle Name ပေါ်ရင်ဖြည့်စရာမလိုပါ။Nick name များPassport နဲ့မတူတဲ့နာမည်များလျှောက်မထည့်ရပါ။ဘဏ်မှာ အကောင့်ဖွင့်တဲ့အတိုင်းပဲ မိမိ ID အတိုင်း နာမည်အတိအကျဖြစ်ရပါမယ်။

(ပုံမှန်ကတော့ မြန်မာနာမည်တွေ ကို First Name Last name မခွဲထားပေမယ့် နိုင်ငံတကာစံနှုန်းအရခွဲရတဲ့အတွက် ကိုယ့်ဘာကို နာမည်သုံးလုံးရှိရင် နောက်တစ်လုံးကိုဖြစ်ဖြစ် Last Name အဖြစ်ဖြည့်လိုက်လို့ရပါတယ်။အရှေ့နာမည်နှစ်လုံးက First Name ပေါ့။ ဥပမာ−နာမည်က Phyo Htet Aung ဆိုရင် First name- Phyo Htet, Last name -Aung ဖြစ်ပါလိမ့်မယ်။ တခါတလေ နိုင်ငံတကာမှာ Surname ကို အရှေ့တပ်တာရှိတတ်ပါတယ်။ ကိုယ့်နာမည်က Phyo Het Aung ဆိုပေမယ့် Aung Phyo Htet လိုႉပေါ်ရင်ကိစ္စမရှိပါ။ ကိုယ်ဖြည့်ထားတဲ့ First Name,Last Name ကြောင့်ဖြစ်ပါတယ်။ ကိုယ့် passport ကနာမည်ကအတိုင်း Phyo Htet Aung ဖြစ်ရင် ရပါတယ်။)

Security question မေးရင်လည်း တစ်ခုခုရွေးပြီးအဖြေကိုသေချာမှတ်ထားပါ။ဥပမာ မိမိအိမ်မွေးတိရိစ္ဆာန်နာမည် စသည်ဖြင့်။

Register လုပ်ပြီးသွားရင် Passport နဲ့နေရပ်လိပ်စာ ကိုသူ့ဆီပို့ပြီး Verification သက်သေပြုလုပ်မှ Account Verified ဖြစ်ပါမယ်။ (နေရပ်လိပ်စာပြဖို့ ဘဏ် Statement ပို့လို့ရပါတယ်။)

Webmoney Verification လုပ်ဖို့ အောက်ကပုံမှာပြထားတဲ့အတိုင်း Personal ကိုနှိပ်ပြီး ထပ်ပေါ်လာတဲ့ စာမျက်နှာမှာ Apply for Webmoney Passport ဆိုတာကို နှိပ်ရပါမယ်။ (Webmoney မှာ Verification လုပ်ခြင်းကို Apply Passport လို့သူတို့ကခေါ်ပါတယ်)






 ထပ်ပြီးတော့ မိမိရဲ့ Personal Data ကိုအတိအကျဖြည့်ရပါတယ်။ မိမိရဲ့ ID ၊ ဖုန်းနံပါတ်နဲ့ လိပ်စာကိုကိုVerified လုပ်ရပါတယ်။ID verify လုပ်ဖို့က Passport လိုပါတယ်။ ယဥ်မောင်းလိုင်စင်မရပါ။ တခြားဟာလည်းအဆင်မပြေပါ။

အားလုံး Register လုပ်တာပြီးသွားရင် ဒီလိုမြင်ရပါလိမ့်မယ်။ (အင်္ဂလိပ်စာမပေါ်ရင် ဘယ်ဘက်အောက်ဆုံးထောင့်မှာ ဘာသာစကားရွေးဖို့ရှိပါတယ်။)


Webmoney website မှာအကောင့်ဖွင့်ပြီးသွားရင် ဖုန်း မှာလည်း Webmoney Keeper  ခေါ်တဲ့ Webmoney app ကို သွင်းထားနိုင်ပါတယ်။ ပုံမှာမြှား
ပြထားတဲ့အတိုင်းပါ။

Webmoney website မှာ transaction လုပ်နိုင်သလို Webmoney Keeper App မှာလည်းလုပ်နိုင်ပါတယ်။ အတူတူပါပဲ။ ပုံမှာပြထားတဲ့အတိုင်း app ထဲကို Log in ၀င်ပြီးသွားရင်တွေ့ရတဲ့ပုံပါ။US $ ပိုက်ဆံအိတ် Wallet က အပေါ်ကရှင်းပြထားတဲ့အတိုင်း WMZ အစိမ်းရောင်ဖြစ်ပါတယ်။ ကျန်တဲ့ဟာ ဂရုစိုက်စရာမလိုပါ။ အသုံးလိုမှသုံးပါ။ကျန်တဲ့ဟာက ရှရှားငွေနဲ့Bitcoinဖြစ်ပါတယ်။Bitcoin က ငွေသွင်းငွေထုတ်ခ စျေးနဲနဲကြီးပါတယ်။Crypto currency အကြောင်းကို အသေအချာလေ့လာပြီးမှ အသုံးပြုပါ။QR code ကို Transaction လုပ်မယ့်အခါတိုင်းမိမိရဲ့ Transaction ကို  Confirm လုပ်ဖို့ App မှနှိပ်ပြီး Transaction စာမျက်နှာမှာပေါ်နေတဲ့ QR Code  ရိုက်ပြီး  E-NUM နဲ့ချိတ်ပြီးအလုပ်လုပ်ရတာပါ။ 



Payment ကိုနှိပ်လိုက်ရင်ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြည်ကနေဒီကတိုက်ရိုက်‌ငွေသွင်းထုတ်ဖို့အခက်အခဲရှိနိုင်ပါတယ်။။wmtransfer ထဲမှာတိုက်ရိုက် Deposit လုပ်လို့ရလားဆိုရင် admin ဘက်ကစမ်းကြည့်တာမရပါဘူး။Russian ပိုက်ဆံနဲ့ဖြစ်ပြီး မြန်မာပြည်ကကဒ်ကမရဘူးဖြစ်ပါတယ်။တချို့ကဒ်လည်းရရင်ရနိုင်ပါတယ်။မရခဲ့ရင် WMSIM ကို သုံးနိုင်ပါတယ်။(updated) 
WMSIM မှာငွေထုတ်ဖို့ တခြား နည်းလမ်းအမျိုးမျိုးထပ်ရှိပြီးတော့ ၀န်ဆောင်ခ‌ပေးရပါတယ်။
ဥပမာ−Visa/Master card  ထည့်ခိုင်းလို့အဆင်မပြေရင် Western Union နေထုတ်ခိုင်းလို့ရပါတယ်။ 
အောက်ကအစက်၃စက် ... More ကိုနှိပ်လိုက်ရင် ပုံမှာပြပြထားတဲ့ စာမျက်နှာပေါ်လာပါလိမ့်မယ်။ မြှားပြထားတဲ့ Push-SMS က ဒီapp စပြီးအသုံးပြုပြီဆိုရင် Webmoney Website ကို log in ၀င်တဲ့အခါတိုင်း SMS ကို Code ပို့ပေးသလို ဒီ Push-SMS မှာ code ပေါ်လာပါလိမ့်မယ်။ သဘောက Website နဲ့ App တွဲပြီးသုံးရပါတယ်။ပိုမြန်တာပေါ့နော်။ ပိုက်ဆံအသွင်းအထုတ်လုပ်တဲ့အခါကြတော့ မြှားပြထားတဲ့ E-NUM  ကိုနှိပ်ရပါတယ်။ E-NUM ကိုသုံးဖို့ အရင်ဆုံး Activation လုပ်ရပါတယ်။ E-NUM activation လုပ်ဖို့ ဒီနေရာကိုနှိပ်ပြီး Email နဲ့ ဖုန်းနံပါတ်ရိုက်ထည့်ပြီး ကိုယ့်ဖုန်းနံပါတ်မှာ SMS Code  တစ်ခုပို့လာပါလိမ့်မယ်။ အဲဒီကုဒ်ကို ရိုက်ထည့်လိုက်ရင် E-NUM သုံးလို့ရသွားပါပြီ။ ပိုက်ဆံလွှဲ၊အသွင်းအထုတ်ကို E-NUM ပေါ်လာပြီး နောက်ဆုံး confirmation လုပ်ဖို့ OTP လိုနှိပ်ရတာပါ။ 
အစက်...ကနေ Setting နှိပ်လိုက်ရင် မိမိ အကောင့်ကိုကြည့်လို့ရတဲ့ စာမျက်နှာပေါ်လာပါလိမ့်မယ်။ 
မိမိအကောင့်ထဲမှာ Verification လုပ်ထားတဲ့အချက်အလက်တွေပေါ်နေပါလိမ့်မယ်။ အဓိကကတော့ မိမိဖုန်းနံပါတ်၊Email နဲ့ ID သက်သေပြထားရင် ငွေသွင်းငွေထုတ်လို့ရပါပြီ။
ဒါတွေကိုလုပ်ထားရင် Webmoney က Formal Passport ရှိသူလို့သတ်မှတ်ပါတယ်။ မိမိရဲ့မြန်မာPassport နဲ့မဆိုင်ပါ။ Webmoney ကသတ်မှတ်ထားတဲ့ Passport  ငွေသွင်းငွေထုတ်ဖို့ ၀န်ဆောင်မှုအမျိုးအစားသာဖြစ်ပါတယ်။ တခြားအဆင့်မြင့် Passport အဆင့်လည်းရှိပါတယ်။ဘဏ်တွေလိုပါပဲ ပိုက်ဆံအသွင်းအထုတ် ကန့်သတ်ချက်ရှိပြီး ၀န်ဆောင်ခပိုပေးရတာတွေရှိပါတယ်။တခြားသူတို့ရှရှားကစီးပွားရေးသမားတွေအတွက်ဖြစ်ပါတယ်။ ထရေဒါတွေအတွက် Formal Passport အဆင့်ဆိုရင်လုံလောက်ပါပြီ။ 

WMSIM ထဲကို log in ၀င်မယ်ဆိုရင် www.wmsim.ru ကိုသွားပါ။ အပေါ်ညာဘက်တောင့်မှာဘာသာစကားပြောင်းဖို့ရှိပါတယ်။ရှရှားလိုဖြစ်နေရင် EN ကိုနှိပ်ပြီး English ကိုပြန်ပြောင်းနိုင်ပါတယ်။



ငွေသွင်းငွေထုတ်အတွက်WMSIM ကိုစသုံးဖို့ personal Information ကို update အရင်လုပ်ရပါတယ်။ Wmtransfer ထဲကပေးထားတဲ့ first name, surnameအတိုင်း ဖြစ်ရပါမယ်။ 



အပေါ်မှာ Webmoney ထဲကို Top-up နဲ့ Withdrawal လုပ်ဖို့နိပ်လို့ရပါတယ်။ နိပ်လိုက်ရင် နည်းလမ်းတွေပေါ်လာပါလိမ့်မယ်။ 




အကယ်၍ ကိုယ့် webmoney wallet ထဲကို Visa Card နဲ့ ငွေဖြည့်မယ်ဆိုရင် Top-Up Webmoney ဘားအောက်မှာ Visa ဆိုတာ ရွေးလိုက်ရင် ဒီစာမျက်နာပေါ်လာပါလိမ့်မယ်။အဲဒီမှာ မိမိရဲ့ Webmoney wallet နံပါတ်ကို အော်တိုရွေးလိုက်လို့ရပါတယ်။ ပြီးရင် နောက်တစ်မျက်နှာမှာထည့်မယ့် ပိုက်ဆံ ammount အမောင့် တန်ဖိုးထည့်ရပါတယ်။(မြှားပြထားတာတော့ တစ်ခုခု အခက်အခဲမေးခွန်းရှိရင် သူတို့ရဲ့ Supports ကို Chat Box မိမိရဲ့ WMID နံပါတ်ကိုပြောပြပြီးအကူအညီတေင်းမေးမြန်းနိုင်ပါတယ်။ )



မြှားပြထားတဲ့အတိုင်း ပိုက်ဆံတန်ဖိုးကို သူတို့ က ကော်မီရှင်ခ Commission  4% ထပ်ပေါင်းပေးရပါတယ်။ ပြီးရင် သူတို့ ရဲ့ Service fees ၀န်ဆောင်ခ 16% လောက်ဖြတ်ပါသေးတယ်။
ကိုယ်ဖြည့်မယ့်ပိုက်ဆံတန်ဖိုးရိုက်ထည့်ရင် ကိုယ်ရမယ့် ပိုက်ဆံကိုပြထားပါလိမ့်မယ်။ ပြီးရင် ကဒ် ကိုဖြတ်တဲ့အခါ exchange rate အတက်အကျဖြတ်တာထပ်ရှိပါသေးတယ်။ ဥပမာ−$100 ဖြည့်တယ်ဆိုရင် $89.18 ပဲရမှာဖြစ်ပြီး ကိုယ့်ကဒ်ထဲမှာ $100 အတိအကျမဖြစ်ရပါ။ $125 လောက်ပိုပိုလိုလိုရှိထားသင့်ပါတယ်။ (အပြောင်းအလဲရှိနိုင်ပါတယ်) 
ပိုက်ဆံအသွင်းအထုတ်အပြီး log ကျသွားတတ်ပါတယ်။ WMSIM ထဲကို Log in ပြန်၀င်ပါ။ ပြီးရင် Order မှာနှိပ်ပြီး မိမိရဲ့ Transanction status ကိုစစ်နိုင်ပါတယ်။ စစခြင်းတစ်ရက်အတွင်းကြာနိုင်ပြီး၂−၅ နာရီအတွင်းလည်းရနိုင်ပါတယ်။အဲထက်မြန်ရင်လည်းမြန်နိုင်ပါတယ်။သူတို့ customer များရင် order များတဲ့အတိုင်းဖြစ်ပါတယ်။

 cumulative discount ကတော့ အသုံးများလေ သူ့ဝန်ဆောင်ခကို discount ပေးတာဖြစ်ပါတယ်။စစခြင်းသုံးသူအနေနဲ့ 1% ဖြစ်ပါလိမ့်မယ်။ အနီရောင် cumulative discount ကိုနှိပ်လိုက်ရင် သူတို့သတ်မှတ်ထားတဲ့ discount level ကိုဖတ်နိုင်ပါတယ်။


(မှတ်ချက်။ WMSIM သည် Webmoney နဲ့ တိုက်ရိုက်ချိတ်ထားတဲ့ agent exchanger  ဖြစ်ပါတယ်။မြန်မာပြည်ကနေ wmtransfer သို့မဟုတ် ကိုယ့် Webmoney အကောင့်ကနေ တိုက်ရိုက်ငွေသွင်းငွေထုတ်လုပ်လို့မရမှဒီနည်းလမ်း WMSIM ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ငွေသွင်းငွေထုတ်ပြဿနာများဖြစ်ပေါ်ခဲ့ပါက Top Trader Myanamar နဲ့သက်ဆိုင်မှုမရှိကြောင်းအသိပေးအပ်ပါတယ်။ ကိုယ့်အတွေ့အကြုံအရ သူ့ ၀န်ဆောင်မှု service အရှိအတိုင်း ေ၀မျှတာပဲဖြစ်ပါတယ်။ ဒါကြောင့် ငွေသွင်းငွေထုတ်လုပ်မယ့်အခါတိုင်း သူ့စည်းကမ်း၊သူ့သတ်မှတ်ချက်ကို အရင်သေချာစိစစ်ပါ။အထက်ပြောပြတဲ့အကြောင်းအရာများဟာ ပြည့်စုံမှုရှိချင်မှရှိမှာဖြစ်ပြီး အချိန်အတိုင်း အပြောင်းအလဲ update ရှိနိုင်ကြောင်းအသိပေးအပ်ပါတယ်။)