Tuesday, 31 December 2024

Happy New Year 2025!!

 Happy New Year 2025!!


ပိရိသတ်များအားလုံး မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ဆက်ရင်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



နှစ်သစ်အတွက် ကိုယ်ရေးကိုယ်တာနဲ့ ထရေးဒင်း ရည်မှန်းချက်ပန်းတိုင်ကို မိတ်ဆွေများ ဘယ်လိုချထားကြသလဲ။ အက်မင်ကတော့ ဒီနှစ်နဲ့နောက် ၅ နှစ်အတွင်း ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊လုပ်မယ့်အရာတွေ ကို ရသလောက်ချရေးထားပါတယ်။ စာအုပ်ကြီးအတိုင်းကတော့ အခု ၁၀၀ ရေးခိုင်းတယ်။ အဓိကတွေကို ချရေးတာ အခု ၂၀ လောက်တော့ရှိတယ်။ ကျန်တာကတော့ အသေးစိတ်တွေနဲ့ဆက်စပ်ရင် အခု ၁၀၀ လောက်တော့ ရောက်ရင်ရောက်သွားမှာပေါ့နော်။ 


ဒီနှစ်အတွက်စကားလက်ဆောင်ပါးချင်တာကတော့ အပေးသမားများများဖြစ်ဖို့ ကြိုးစားရမယ်။ စကြာ၀ဌာကြီးဆီက လိုချင်တာတွေရဖို့ ကိုယ်ကလည်း များများပြန်ပေးတတ်ဖို့လိုတယ်။ နောက်တစ်ချက်က ကိုယ့်ကိုယ် ကို တိုးတက်အောင်အမြဲကြိုးစားတဲ့နေရာမှာ အရာများများရောက်နိုင်ဖို့ အမှားတွေဆီက လေ့လာသင်ယူတဲ့အခါ အရင်လိုအမှားတွေပြန်မလုပ်မိဖို့၊ပြင်ဆင်နိုင်ဖို့ကအဓိကဖြစ်တယ်။ 


Albert Einstein ပြောထားတာတော့ ''Insanity is doing the same thing over and over again and expecting different results.'' နဂိုလုပ်မြဲနေမြဲလုပ်နေပြီးတော့ မတူညီတဲ့ရလဒ်ကိုမျှော်မှန်းနေခြင်းဟာ ရူးသွပ်မိုက်မဲခြင်းဖြစ်တယ်တဲ့။ ဒီဟာလေးက တခါတလေ လမ်းပျောက်လို့ကိုယ့်ကိုယ်ပြန်ဆန်းစစ်ရင် အက်မင်ကို အမြဲတမ်းကိုင်လှုပ်နိုင်တဲ့ စကားလုံးဖြစ်တယ်။ 


အားလုံးပဲ အမြဲလေ့လာသင်ယူနိုင်ပြီး ဒီ့ထက်မကတိုးတက်အောင်မြင်ကြပါစေ။