Saturday 3 October 2020

Binary Options အတွက် ငွေသွင်းငွေထုတ်နည်း

 မိတ်ဆွေ Traders များအားလုံးမင်္ဂလာပါ။ 

အခုBinary Options အတွက်ငွေသွင်းငွေထုတ်တာကိုဒီpostမှာတစ်စုတစ်စည်းတည်းပြောပြပေးပါ့မယ်။

Binary Options မှမဟုတ် Forex၊ Stock Share ၊ Cryptocurrency စသည်ဘယ်လို Online ပုံစံအလုပ်ဘဲဖြစ်ဖြစ် ပိုက်ဆံအသွင်းအထုတ်တွေဟာ Online Transactions ကနေဘဲသွားရတာ

ဖြစ်ပါတယ်။ငွေသွင်းငွေထုတ်ကလဲသက်ဆိုင်ရာ Broker ချမှတ်ထားတဲ့နည်းလမ်းအတိုင်းလုပ်ရတာပေါ့နော်။ IQ Option ဖြစ်ဖြစ် Binomo ဖြစ်ဖြစ် ဘယ်Broker မဆို ငွေသွင်းငွေထုတ်ဖို့ဘာတွေရလဲဆိုတာဖော်ပြထားပါတယ်။ 

Trader တစ်ယောက်ငွေသွင်းငွေထုတ်လုပ်ဖို့ဘာလိုအပ်သလဲဆိုရင်ပြည်ပအတွက်သုံးလို့ရတဲ့ပြည်တွင်းကဘဏ်ကဒ်နဲ့Online ငွေပေးချေမှုစနစ်တစ်ခုမှာအကောင့်ဖွင့်ရပါမယ်။

ပြည်ပအတွက်သုံးလို့ရတဲ့ပြည်တွင်းဘဏ်ကဒ်ဆိုတာကတော့ Visa/Master Prepaid သို့မဟုတ် Credit Card ဖြစ်ပါတယ်။ မြန်မာပြည်ကtrader တွေအတွက် ကြိုက်တဲ့ ပြည်တွင်းဘဏ်တစ်ခုခုမှာလုပ်လို့ရပါတယ်။ကြိုက်တဲ့ဘဏ်သွားပြီးတော့ နိုင်ငံတကာအတွက်သုံးဖို့ online shopping သုံးလို့ရတဲ့ Visa သို့မဟုတ် Master Prepaid ကဒ်လုပ်မယ်လို့ပြောပါ။ တချို့ဘဏ်က JCB လဲရပါတယ်။ ဒီကဒ်တွေမလုပ်မီထိုဘဏ်မှာဘဏ်အကောင့်တော့အရင်ဖွင့်ထားဖို့လိုအပ်ပါတယ်။ Internet Banking နဲ့ကဒ်ထဲကိုမြန်မာကျပ်ငွေအရင်သွင်းပြီး USD နဲ့ပြန်သုံးရပါတယ်။ KBZ ဘဏ်ဆိုရင်ကဒ်တစ်ခါသုံးဖို့အနည်းဆုံး $20 သွင်းရပါတယ်။CB ဘဏ်ဆိုရင်တော့ ကဒ်တစ်ခါသုံးဖို့အနည်းဆုံး $30 သွင်းရပါတယ်။သဘောကကဒ်ထဲမှဘယ်လောက်သုံးသုံး$20 ကအနည်းဆုံးရှိနေရပါတယ်။$10 သုံးချင်ရင် $30 သွင်းရတာပေါ့။$20သုံးချင်ရင် $40သွင်းရပါတယ်။ AYA ဆိုရင် တော့ 10$ အနည်းဆုံးရှိရပါတယ်။$10 သုံးချင်ရင် $20 သွင်းရတာပေါ့။ KBZ ကတော့ အနည်းဆုံးရယ်လို့မရှိပါဘူး။တစ်ခါသွင်းအနည်းဆုံး$20ဖြစ်ပြီးတခါတည်း $20 သုံးလို့ရပါတယ်။ ကျန်ဘဏ်တွေတော့မသိပါ။ ဘဏ်တွေကလဲ စည်းကမ်းပြောင်းလဲနိုင်တဲ့အတွက် အခုပြောတဲ့အချက်အလက်တွေ အပြောင်းအလဲရှိနိုင်ပါတယ်။သက်ဆိုင်ရင်ဘဏ်နဲ့ update မေးမြန်းနိုင်ပါတယ်။ 


Online ငွေပေးချေမှုစနစ်ဆိုတာကတော့ PayPal လိုဘဲဖြစ်ပါတယ်။ ဘာတွေရှိသလဲဆိုရင် Skrill၊ WebMoney၊Perfect Money၊ Neteller စသည်ရှိပါတယ်။Online trading အတွက်များသောအားဖြင့် Paypal မရပါဘူး။ ကျန်တဲ့ဟာသုံးလို့ရပါတယ်။ Skrill  Webmoney Neteller Perfect Money. ဒါတွေနဲ့IQ Option မှာငွေသွင်းလို့ရပေမယ့် ဒီ Skrill တို့မှာလဲ Visa/Master ကဒ်တို့နဲ့ဘဲငွေဖြည့်ရတဲ့အတွက် ဒါတွေနဲ့ သွင်းရင် ပိုက်ဆံ၂ခါ exchange rate အထိများတတ်ပါတယ်။ဒါကြောင့် IQ Option အသွင်းဆိုရင်တော့ ဘဏ်ကဒ်နဲ့သွင်းတာပိုအဆင်ပြေပါတယ်။အထုတ်အတွက်ကသာ online ပေးချေတဲ့ဟာတွေနဲ့မသုံးမနေရသုံးရပါတယ်။ ပုံမှန်ကတော့ ဘဏ်ကဒ်နဲ့သွင်းရင် သွင်းထားတဲ့ တန်ဖိုးအတိုင်းထုတ်လို့ရပါတယ်။ပြန်အမ်းတဲ့သဘောပါ။ကျန်တဲ့ပိုက်ဆံကတော့ IQ Option ကနေတိုက်ရိုက်ဘဏ်ကဒ်ထဲကိုထုတ်ခိုင်းလို့မရပါဘူး။ Skrill ဒါမှမဟုတ် Webmoney ကနေထုတ်ရပါတယ်။ပြီးမှ Skrill တို့ Webmoney တို့ကနေ ပြည်တွင်းဘဏ်အကောင့်ထဲကိုပိုက်ဆံပြန်လွှဲလို့ရပါတယ်။ ဥပမာ- $100 သွင်းပြီးထရိတ်လို့ $500 ရသွားတယ်ဆိုရင် Visa/Master ကဒ်နဲ့ $100 သာထုတ်လို့ရပြီး ကျန် $400 ကိုထုတ်မယ်ဆိုရင် online ငွေပေးချေမှုအကောင့်ထဲကိုလွဲရပါတယ်။ပြီးမှအဲဒီကနေထပ်ထုတ်ရပါတယ်။ တခါထုတ်ရင် တစ်ပတ်လောက်ကြာတတ်တဲ့အတွက်(ဘဏ်အကောင့်ထဲလွှဲရင်) ပိုက်ဆံနဲနဲများမှထုတ်လို့ကောင်းပါတယ်။ တချို့Online ပေးချေမှုစစနစ်အကောင့်ကတော့ ဘဏ်ကဒ်ထဲကိုလွဲပေးတာရှိပါတယ်။Admin က Skrill ဘဲသုံးပါတယ်။

ဖြစ်ချင်တော့အရင်တုန်းက Skrill နဲ့ တခြားOnline ငွေပေးချေမှု အကောင့်တွေဟာ မြန်မာပြည်နေမြန်မာနိုင်ငံသားအတွက်အကောင့်ဖွင့်လို့ရပေမယ့်နိုင်ငံရေးအခြေအနေကြောင့်အခု Ban ထားပါတယ်။ သဘောက နိုင်ငံခြားမှာနေတဲ့မြန်မာpassport သုံး မြန်မာတွေတော့ရပေမယ့် မြန်မာပြည်ကနေဆိုရင်အကောင့်ဖွင့်လို့မရတော့တာပါ။ Admin မြန်မာပြည်ကနေ Webmoney မှာဖွင့်ကြည့်တာရပါတယ်။ဒါကြောင့်မြန်မာပြည်နေTrader တွေအတွက် ကံကောင်းစွာနဲ့ WebMoney ရပါသေးတယ်။WebMoney က ရှရှားကဖြစ်ပြီးတော့ နဲနဲတော့ ရှုပ်ပါတယ်။ဒါပေမယ့် Online အလုပ်လုပ်သူတွေဟာ Online ပါးဝရတာပေါ့နော်။ တစ်သက်စာဖြစ်တဲ့အတွက်တစ်ခါဘဲအသေအချာလေ့လာပြီးအချိတ်အဆက်များလုပ်ထားရင်ရပါပြီ။ WebMoney မှာအကောင့်ဖွင့်ဖို့ ဒီ Link ကနေထပ်သွားကြည့်ပါ။ 

https://toptradermyanmar.blogspot.com/2020/08/online-webmoney.html

နောက်တစ်ခုကတော့ Online ငွေပေးချေမှုအကောင့်အချင်းချင်းမတူရင်ငွေလွှဲလို့မရပါဘူး။ ဥပမာ Paypal ကနေ Skrill သို့  Webmoney  သို့ Neteller အကောင့်ဆီတိုက်ရိုက်လွဲလို့မရပါဘူး။ Skrill ကနေ Webmoney နဲ့မရပါ။ Webmoney ကနေတခြား ဆီကိုလွှဲလို့ရတဲ့ Webmoney အချိတ်အဆက် website  https://www.wmsim.ru/en/ တော့ရှိပါတယ်။ webmoney  log in လုပ်တဲ့ အတိိုင်း log in လုပ်နိုင်ပါတယ်။ အတူတူပါဘဲ။Admin ကိုယ်တိုင်အဲလိုလွဲတာမသုံးဖူးပေမယ့် စမ်းကြည့်တာ ကြားခံခအများကြီးဖြတ်တာတွေ့ရပါတယ်။ အဲလိုကြားခံလွဲပေးတဲ့ သက်သက်တခြား online ကုမ္ပဏီတွေရှိပါတယ်။ယုံကြည်စိတ်ချရတဲ့ဟာကတော့မသုံးဖူးတဲ့အတွက်မပြောတတ်ပါ။ payglobel ဘဲတစ်ခါသုံးဖူးပါတယ်။ Spam ဖြစ်ပါတယ်။ပိုက်ဆံမရောက်ပါ။ အားလုံးသတိထားစေချင်ပါတယ်။

သဘောကမလိုအပ်ဘူးဆိုရင် မတူညီတဲ့ငွေပေးချေမှုအချင်းချင်းငွေမလွဲသင့်ပါဘူး။ ကိုယ့် webmoney သို့မဟုတ် Skrill  အကောင့်ကနေဘဲဘဏ်ကဒ်နဲ့တိုက်ရိုက်ငွေသွင်း ဘဏ်ကဒ်ဒါမှမဟုတ် ဘဏ်အကောင့်ထဲကိုထပ်လွဲခိုင်းခြင်းကနေ ငွေထုတ်လို့ရပါတယ်။